ကမ္ဘာ့ဝင်ငွေအရှာနိုင်ဆုံးဘောလုံးအသင်းအဖြစ် ရီးရဲလ်ကိုကျော်ဖြတ်ပြီး မန်ယူရပ်တည်

ငွေရေးကြေးရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Deloitte ကနေ ထုတ်ပြန်တဲ့ ၂၀၁၅-၂၀၁၆ အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းစာရင်းမှာတော့ အင်္ဂလန်ကလပ် မန်ယူအသင်းဟာ စပိန်နာမည်ကြီး ရီးရဲလ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ကို ကျော်ဖြတ်ပြီး အဆင့်တစ်နေရာကို ရယူသွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီစာရင်းမှာ ထိပ်ဆုံးနေရာကို ၁၁ နှစ်ကြာ ရယူထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်ခဲ့ပြီး အခုလို ရယူခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကတော့ စံချိန်တင် ယူရို ၆၈၉ သန်း (ပေါင် ၅၁၅သန်း) အထိ ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းတွေလည်း ပေါင်သန်း ၁၀၀ အထိ စံချိန်တင်ရှာဖွေနိုင်ခဲ့ကြပါတယ်။ ဒီစာရင်းက ထိပ်ဆုံးအသင်း ၂၀ ရဲ့ ဝင်ငွေဟာ ပေါင် ၆.၄၁ ဘီလျံအထိရှိခဲ့ပြီး ဒါဟာ မနှစ်ကထက် ၁၂ ရာနှုန်း စံချိန်တင်တိုးတက်လာတာဖြစ်ပါတယ်။

၂၀၀၃-၂၀၀၄ ကနေ စတင်ထုတ်ပြန်ခဲ့တဲ့ ဒီစာရင်းမှာ မန်ယူအသင်းဟာ ပထမဆုံး ထိပ်ဆုံးနေရာရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ရီးရဲလ်အသင်းကတော့ တတိယနေရာအထိ ကျဆင်းသွားပြီး ဘာစီလိုနာအသင်းကတော့ ဒုတိယနေရာမှာပဲ ဆက်ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါဘီလူး ဘိုင်ယန်မြူးနစ်အသင်းကတော့ အဆင့်လေးနေရာမှရပ်တည်းနေပါတယ်။

ထိပ်ဆုံး အသင်း ၂၀ မှာတော့ ပရီးမီးယားလိဂ်အသင်းအများစုပါဝင်ခဲ့ပြီး EPL အသင်းတွေဟာ ဝင်ငွေ ပေါင် ၂.၄ ဘီလျံအထိရရှိခဲ့ပါတယ်။ မနှစ်က EPL ချန်ပီယံလက်စတာအသင်းဟာ ဝင်ငွေ ပေါင် ၁၂၈ သန်းနဲ့ အဆင့် ၂၀ နေရာကို ပထမဆုံးအဖြစ် ပါဝင်လာခဲ့ပါတယ်။

ဒါ့ကြောင့် ၂၀၁၅-၂၀၁၆ Deloitte ရဲ့ Football Money League ကတော့ ပရီးမီးယားလိဂ်အသင်းတွေ ပွဲခံသွားတယ်လို့ ဆိုရမှာပါ။ မန်ယူအသင်းဟာ ဝင်ငွေအများစုကို အသင်းရဲ့အမှတ်တရပစ္စည်းတွေရောင်းချရမှုကနေတစ်ဆင့် ေ တာ်တော်ရှာဖွေနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။