ဘာစီလိုနာကနေ မက်ဆီထွက်ခွာဖွယ်ရှိနေ

ဘာစီလိုနာအသင်းဒါရိုက်တာ Oscar Grau က ကလပ်ဟာ လီယွန်နယ်မက်ဆီရဲ့လစာကိုပေးချေဖို့ အဆင်မပြေတော့တာကြောင့် အာဂျင်တိုင်းသားအနေနဲ့ ကလပ်ကနေ ထွက်ခွာဖွယ်ရှိနေကြောင်း ဆိုပါတယ်။ အသက် ၂၉နှစ်အရွယ် ကစားသမားဟာ ၁၈လသက်တမ်းရှိတဲ့ နူးကမ့်အသင်းနဲ့ သက်တမ်းတိုးစာချုပ်ကို ချုပ်ဆိုဖို့အတွက် သဘောတူညီမှုမရရှိသေးပါဘူး။

တိုက်စစ်မှူးတွေဖြစ်တဲ့ လူးဝစ်ဆွာရက်ဇ်နဲ့ နေမာတို့ဟာ လက်တလောမှာ ကလပ်နဲ့ တစ်နှစ်ပေါင် ၂၁သန်းတန်တဲ့ စာချုပ်သစ်တွေကို အသီးသီးချုပ်ဆိုထားပေမယ့် မက်ဆီကတော့ ကလပ်မှာ အမြင့်မားဆုံး လစာငွေတစ်ရပ်ကို အလိုရှိနေတာပါ။

ဒီသဘောတူညီမှုဟာ ဘာစီလိုနာရဲ့ ဘတ်ဂျက်ထဲမှာ ရ၀ရာခိုင်နှုန်းနီးပါလောက်ရှိနေကြောင်းလည်း သိရပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာ ကမ္ဘာ့ဒုတိယလစာအများဆုံး ပေးချေနေရတဲ့ အသင်းအဖြစ်နဲ့ မန်ယူနောက်မှာ ရပ်တည်နေပြီး Grau ရဲ့ ပြောကြားမှုအရ မက်ဆီရဲ့ ကုန်ကျငွေကို ကလပ်က မတတ်နိုင်တော့ဘူးလို့ သိရပါတယ်။

“ကျွန်တော်တို့ အကောင်းဆုံးကစားသမားတွေကို အလိုရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဦးစားပေးစရာတွေလည်း ရှိနေပါသေးတယ်” လို့ Grau ကဆိုပါတယ်။