တာထွက်ကောင်းဖို့ အသင်းတိုင်း ရုန်းကန်ရမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ပွဲကြို သုံးသပ်ချက်

ရှမ်းယူနိုက်တက်အသင်းက ၂၀၁၇ ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှု အားကောင်းတဲ့ အသင်းတစ်သင်းပါ။ တိုးအားကောင်း တဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ ရှိသလို လက်ရွေးစင်အဆင့်ရှိတဲ့ ပြည်တွင်းကစားသမားကောင်းတွေလဲ ရှိနေပါတယ်။ နေပြည်တော်အသင်း က ဒီနှစ်မှ လိဂ်-၂  ကနေ တန်းပြန်တက်လာတဲ့အသင်းဖြစ်ပြီး ရာသီအစရဲ့ အဖွင့်ပွဲစဉ်ဖြစ်တာကြောင့် ရလဒ်ကောင်း ရအောင် ကစား မှာ သေချာပါပဲ။ ကစားသမားအင်အားပိုင်းအပြင် အိမ်ရှင်အားသာချက်ရှိတဲ့ ရှမ်းယူနိုက်တက်တို့ တာထွက်လှနိုင်မလားဆို တာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဝေသာလီ အိမ်ကွင်းမှာ ရခိုင်ယူနိုက်တက်အသင်းက လိဂ်ပထမဆုံးပွဲအဖြစ် ဆောက်သမ်းနဲ့ ကစားရမှာပါ။ ရခိုင်အသင်း မှာ မြန်မာနေ ရှင်နယ်လိဂ် အတွေ့အကြုံရှိတဲ့ ဆန်းဒေးမက်သရူး၊ လူငယ်ကစား သမားဒွေးကိုကိုချစ်တို့ ရှိနေပြီး ဆောက်သမ်းအသင်းကလဲ ဆားဘီး ယား ခံစစ်မှူး၊ ဘရာဇီးကွင်းလယ် ကစားသမားနဲ့ မက်ဆီဒိုးနီးရှားတိုက်စစ်မှူးတွေကို ဒီနှစ်အတွက် ခေါ်ယူထားပါတယ်။ ပုံမှန်အားဖြင့် ဒီနှစ်သင်းရဲ့ ခြေစွမ်းက သိပ်မကွာပေမယ့် ဒီတစ်ကြိမ်မှာတော့ ရခိုင်ယူနိုက်တက်အသင်းက အိမ်ရှင် ပရိသတ်အား ရှိနေပါတယ်။

မြန်မာနေရှင်နယ်လိဂ်မှာ ကစားပုံမာကျောတဲ့ ဟံသာဝတီအသင်းက ရာသီမစခင်ကတည်းက ယူနန်-အာဆီယံ ဖိတ်ခေါ် ပြိုင်ပွဲ သွားပြိုင် ထားပြီး ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်နေတဲ့ အသင်းပါ။ ဒါ့အပြင် ဇေယျာရွှေမြေအသင်းတိုက်စစ်မှူးဟောင်း မာစီယိုကို လဲ ခေါ်ယူ ထားနိုင်ပါတယ်။ အလားတူပဲ ဇွဲကပင်အသင်းကလဲ နေရှင်နယ်လိဂ် အတွေ့အကြုံရှိတဲ့ ဒီဂျမ်၊ ဒိုနယ်ဘစ်ဆာတို့လို နိုင်ငံခြားကစား သမားကောင်းတွေ ခေါ်ယူထားတဲ့အသင်းပါ။ ဒီနှစ်သင်းရဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၆ တွေ့ဆုံမှုကို ကြည့်ရင် ပထမအကျော့မှာ ဟံသာဝတီက ၂-၁ ဂိုးနဲ့ နိုင်ခဲ့ပြီး ဒုတိယအကျော့မှာတော့ ဂိုးမရှိ သရေ ကျခဲ့ပါတယ်။

နှစ်တိုင်းလိုလို ကြိုတင်ပြင်ဆင်မှုအားကောင်းတဲ့ ရန်ကုန်ယူနိုက်တက်အသင်းက ဒီနှစ်မှာလဲ ပြည် တွင်း၊ ပြည်ပကစားသမားကောင်းတွေ ကို ခေါ်ယူထားတာ တွေ့ရပါတယ်။ ရန်ကုန်အသင်းနဲ့ ပွဲဦးထွက်မှာ ကစားမယ့် မကွေးအသင်းကလဲ ရာသီကြိုချာရတီဖလားပြိုင်ပွဲမှာ လက်ရှိချန်ပီယံကို အနိုင်ကစား ပြီး တာထွက်အဖွင့်လှထားတဲ့ အသင်းပါ။ ဒီနှစ်သင်းရဲ့ ၂၀၁၆ တွေ့ဆုံမှုကိုကြည့်ရင် ပထမအကျော့မှာ မကွေးအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယအကျော့မှာ ရန်ကုန်အသင်းက ၂-၀ ဂိုးနဲ့ ပြန်နိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုက ပွဲစဉ် ၁ မှာ အကြိတ်အနယ်အရှိဆုံး ပွဲဲစဉ်တစ်ပွဲဖြစ်လာမှာ သေချာ ပါတယ်။