ထိပ်တိုက်တွေ့ဆုံနေသည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၃ ပွဲကြို ခန့်မှန်းချက်

၂၇-၁-၂၀၁၇   မကွေး – ရတနာပုံ     ညနေ ၄းဝဝ   (သုဝဏ္ဏ)

ဒီနှစ်သင်းစလုံးက ဒီနှစ်မှာ Asia Champion League နဲ့ AFC Cup ၀င်ပြိုင်ကြမယ့် အသင်းတွေပါ။ အခုချိန်မှာတော့ နှစ်သင်းစလုံးက လိဂ်မှာ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ အနေအထားရှိနေပါတယ်။ မကွေးအသင်းက အားထားရတဲ့ တိုက်စစ်မှူး ဆီလာ မပါနိုင်သေးတာ အသင်းအတွက် နစ်နာစရာ ဖြစ်နေပါတယ်။ အလားတူပဲ ရတနာပုံအသင်းကလဲ မနှစ်က ချန်ပီယံခြေစွမ်းမျိုး မရှိသေးပါဘူး။ မကွေးနဲ့ ရတနာပုံအသင်းတို့ ရဲ့ မနှစ်က ထိပ်တိုက်တွေ့ဆုံမှုတွေကို ကြည့်ရင် ပထမအကျော့မှာ ရတနာပုံက ၃-၂ ဂိုးနဲ့ နိုင်ပြီး ဒုတိယအကျော့မှာတော့ မကွေးက ၁-၀ ဂိုးနဲ့ ပြန်နိုင်ထားပါတယ်။

၂၈-၁-၂၀၁၇   ဇွဲကပင် –  ရှမ်းယူနိုက်တက်   ညနေ ၄းဝဝ  (အောင်ဆန်း)

နှစ်ပွဲကစားထားအပြီးမှာ တစ်ပွဲ နိုင်၊ တစ်ပွဲ ရှုံးထားတဲ့ ဇွဲကပင်အသင်းရဲ့ ခြေစွမ်း မနှစ်ကထက် ပိုကောင်းလာတဲ့ အခြေအနေမျိုးပါပဲ။ နှစ်ပွဲကစားပြီးမှာ နှစ်ပွဲစလုံး နိုင်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ ရှမ်းယူနိုက်တက်အသင်းကလဲ ချန်ပီယံဆုမျှော်မှန်းထားတဲ့ အသင်းကြီး တစ်သင်းပါ။ ဇွဲကပင်အသင်းအနေနဲ့ အမှတ်ပေးဇယားဦးဆောင်နေတဲ့ ရှမ်းအသင်းကို ရပ်တန့်သွားနိုင်မလား၊ ရှမ်းအသင်းကပဲ နိုင်ပွဲဆက် သွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

၂၈-၁-၂၀၁၇   နေပြည်တော်   –   ချင်းယူနိုက်တက်   ညနေ ၄းဝဝ   (ဝဏ္ဏသိဒ္ဓိ )

တန်းတက်လာတဲ့ နေပြည်တော်အသင်းက နှစ်ပွဲကစားအပြီးမှာ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံးထားပါတယ်။ နေပြည်တော်နဲ့ ကစားမယ့် ချင်းယူနိုက်တက်အသင်းကတော့ ဒီနှစ်ရာသီအဖွင့်မှာပဲ လက်ရှိချန်ပီယံအသင်းဆီက အမှတ်ခွဲယူနိုင်ခဲ့သလို ဆောက်သမ်းအသင်းကိုလဲ အနိုင်ရထားတဲ့ အသင်းပါ။ အခုချိန်မှာ အသင်းစုဖွဲ့မှုနဲ့ အသင်းလိုက်ကစားအားကိုကြည့်ရင် ချင်းယူနိုက်တက်အသင်းက နေပြည်တော်       အသင်းထက် ပိုသာနေပါတယ်။

၂၈-၁-၂၀၁၇    ရန်ကုန် – ဧရာဝတီ    ညနေ ၃း၃၀    (YUSC)

ရာသီအစပွဲဦးထွက်မှာ မကွေးအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ရန်ကုန်အသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစား ဆုံးဖြစ်နေပေမယ့် ဒုတိယပွဲမှာတော့ ရခိုင်အသင်းကို သရေကျခဲ့လို့ အသင်းပရိသတ်တွေရဲ့ မေးခွန်းထုတ် စရာဖြစ်လာပါတယ်။ ဧရာဝတီအသင်းက အိမ်ကွင်း နှစ်ပွဲ လက်ခံကစားထားပြီး တစ်ပွဲ နိုင်၊ တစ်ပွဲ သရေရထားပါတယ်။ ဒီနှစ်သင်းရဲ့ မနှစ်က တွေ့ဆုံမှု ရလဒ်တွေကိုကြည့်ရင် ပထမအကျော့ ဧရာဝတီအိမ်ကွင်းမှာ ဧရာဝတီက ၃-၂ ဂိုးနဲ့ နိုင်ထားပြီး ဒုတိယအကျော့မှာတော့ တစ်ဂိုးစီ သရေကျထားပါတယ်။

၂၉-၁-၂၀၁၇      ရခိုင်ယူနိုက်တက် – ဟံသာဝတီ    ညနေ ၃း၃၀   (ဝေသာလီ)

ရခိုင်ယူနိုက်တက်အသင်းက အိမ်ကွင်းဖွင့်ပွဲကနေ စပြီး အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးတဲ့ စံချိန်ရရှိထားပါတယ်။ ဒါပေမယ့် ကစားပြီးခဲ့တဲ့ အိမ်ကွင်းနှစ်ပွဲစလုံးမှာလဲ အသင်းတိုက်စစ်ပိုင်းက သွင်းဂိုးတစ်ဂိုးမှ မသွင်းပေးနိုင်သေးတာတော့ စဉ်းစားစရာ တစ်ခုအနေနဲ့ ဖြစ်လာပါတယ်။ ဟံသာဝတီအသင်းက အဖွင့်ပွဲ အိမ်ကွင်းမှာ ဇွဲကပင်ကို ရှုံးထားပြီး ဒုတိယပွဲမှာတော့ နေပြည်တော်အသင်းနဲ့ သရေကျထားပါတယ်။ ဒီနှစ်မှာ အသင်းရလဒ် ပိုင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်ခံနေရတဲ့ ဟံသာဝတီအသင်းရဲ့ ခြေစွမ်းအမှန်ကို ဒီပွဲမှာ အကဲ ခတ် ရမှာဖြစ် ပါတယ်။

၂၉-၁-၂၀၁၇   ဆောက်သမ်း – GFA     ညနေ ၃း၃၀   (မော်လမြိုင်)

ဆောက်သမ်းအသင်းက နှစ်ပွဲကစားအပြီးမှာ တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံးထားတဲ့အပြင် အသစ်ခေါ်ယူထားတဲ့ ပြည်ပကစားသမားတွေအနေနဲ့လဲ အသင်းနဲ့ အံဝင်အောင် တဖြည်းဖြည်းခြင်း ကြိုးစားနေရတဲ့ပုံပေါ်နေပါတယ်။ ဆောက်သမ်းနဲ့ ကစားမယ့် GFA အသင်းက တန်းတက်လာတဲ့ အသင်းဆိုပေမယ့် တန်းတက် အသင်းထဲမှာတော့ ကစားပုံအမာကျောဆုံး အသင်းကောင်းတစ်သင်းပါ။ အိမ်ကွင်းဖွင့်ပွဲမှာ အိမ်ရှင်ဆောက်သမ်းတို့ အိမ်ကွင်းပရိသတ်ရှေ့မှာ ရလဒ်ကောင်း စွမ်းဆောင်ပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါ တယ်။