ရခိုင်နှင့်ဆောက်သမ်း သရေကျသော်လဲ ရှမ်းယူနိုက်တက်၊ ဇွဲကပင်တို့ နိုင်ပွဲ ကိုယ်စီရ

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်(MNL-I) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်အချို့ကို ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့ပြီး ရခိုင်ယူနိုက် တက် အသင်းနှင့် ဆောက်သမ်းအသင်းတို့ ဂိုးမရှိ သရေကျခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့သည် နိုင်ပွဲ ကိုယ်စီရရှိခဲ့သည်။

စစ်တွေမြို့၊ ဝေသာလီဘောလုံးကွင်း၌ ကစားခဲ့သည့် ရခိုင်ယူနိုက်တက်အသင်းနှင့် ဆောက်သမ်း အသင်းတို့ပွဲစဉ်တွင် တစ်သင်းနှင့်တစ် သင်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေကျခဲ့သည်။ တောင်ငူကွင်းတွင် ကစားခဲ့သည့် ဟံသာဝတီအသင်းနှင့် ဇွဲကပင်အသင်းတို့ပွဲစဉ် တွင် ဧည်သည့်ဇွဲကပင် အသင်း က အိမ်ရှင်ဟံသာဝတီအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အဆိုပါပွဲတွင် ဟံသာဝတီ အသင်းက ပွဲချိန် ၅၄ မိနစ်တွင် မောင်မောင်လွင်၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲချိန် ရ၉ မိနစ်တွင် ဒိုနယ်ဘစ်ဆာ၊ ပွဲချိန် ၈၉ မိနစ်တွင် ဒီဂျမ်တို့၏ သွင်းဂိုးများကို ပြန်လည် ခွင့်ပြု ခဲ့ရသဖြင့် ပွဲအပြီးတွင် ၂-၁ ဂိုးဖြင့် ရှုံးခဲ့ခြင်းဖြစ်သည်။ တောင်ကြီးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် နေပြည်တော်အသင်းတို့ပွဲစဉ်၌မူ အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ အိမ်ရှင်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၁၈ မိနစ်တွင် ပက်ထရစ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

လာမည့် ဇန်နဝါရီ ၁၅ ရက် ရန်ကုန်မြို့၊ YUSC ကွင်းတွင် ရန်ကုန်အသင်းနှင့် မကွေးအသင်း၊ ပုသိမ် ကွင်းတွင် ဧရာဝတီအသင်းနှင့် GFA အသင်း၊ သုဝဏ္ဏကွင်းတွင် ချင်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ဆက်လက်ကစားမည်ဖြစ်သည်။