ရာသီကြို ခြေစမ်းတွင် မကွေးအသင်းအား အနိုင်ရခဲ့သည့် စီးတီးရန်ကုန်အသင်း

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်(MNL)ဘောလုံးပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေကြသည့် မကွေး အသင်းနှင့် စီးတီးရန်ကုန်အသင်းတို့သည် ဇန်နဝါရီ ၄ ရက်(ယနေ့) နံနက် ၈းဝဝ နာရီက သုဝဏ္ဏ မြက်ခင်းတုဘောလုံးကွင်းတွင် ခြေစမ်းကစားခဲ့ကြပြီး စီးတီးရန်ကုန်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။

ခြေစမ်းပွဲတွင် မကွေးအသင်းမှ ကျော်ဇင်ဖြိုး(ဂိုး)၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဆီလာအစရှိသည့် အမာခံ ကစားသမားများဖြင့် ပွဲထွက်ကစားခဲ့ပြီး စီးတီးရန်ကုန်အသင်းမှာလည်း ပွဲထွက် ကစားသမားအစုံ အလင်ဖြင့် ပွဲထွက်ကစားခဲ့သည်။ စီးတီးရန်ကုန်အသင်းအတွက် အနိုင်ဂိုးများကို သီဟနှင့် အောင်ဖြိုး ဖြိုးတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ စီးတီးရန်ကုန်အသင်းသည် ပြီးခဲ့သည့် ၂၀၁၆ မြန်မာနေရှင်နယ် လိဂ်ပြိုင်ပွဲတွင် Horizon အသင်းနာမည်ဖြင့် ယှဉ်ပြိုင်ခဲ့သည့်အသင်းလည်းဖြစ်သည်။ စီးတီးရန်ကုန် အသင်းသည် ပြီးခဲ့သည့် Ooredoo MNL I ပြိုင်ပွဲအပြီးတွင် MNL II သို့ တန်းဆင်းခဲ့ရသည်။ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်-၂ (MNL II )ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် စီးတီးရန်ကုန်အသင်းသည် လက်ရှိအချိန်တွင် ရာသီကြို ခြေစမ်းပွဲ စုစုပေါင်း ခြောက်ပွဲ ကစားထားပြီး သုံးပွဲ နိုင်၊ နှစ်ပွဲ ရှုံး ၊ တစ်ပွဲ သရေကျထားသည်။