MFF – MNL Awards Night ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့ ကြီးမှူးကျင်းပမည့် အကောင်းဆုံးဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား MFF – MNL Awards Night ကို လာမည့် အောက်တိုဘာ ၂၁ ရက် ညနေ ၆းဝဝ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

၂၀၁၀ ခုနှစ်မှ စတင်ကာ ပေးအပ်ချီးမြှင့်ခဲ့သည့် အကောင်းဆုံး ဆုပေးပွဲ အခမ်းအနားတွင် မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ အသင်းကို ဆုပေးအပ် ချီးမြှင့်ခြင်း၊ မြန်မာနေရှင်နယ်လိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု၊ ဂိုးသွင်းဘုရင်ဆု နှင့် လူငယ် အသင်း ပြိုင်ပွဲ ချန်ပီယံဆု၊ ဂိုးသွင်းဘုရင်ဆု၊ အကောင်းဆုံး ကစားသမားဆု၊ တစ်နှစ်တာ အကောင်းဆုံး ဒိုင်လူကြီးဆု စသည့် ဘောလုံးလောက အတွက် ဂုဏ်သိက္ခာမြင့်မားသည့် ဆုများကို ပေးအပ်ခဲ့သည်။

ယင်းဆုကို ၂၀၁၀ နှင့် ၂၀၁၁ ခုနှစ်များအတွက် ပေးအပ်ချီးမြှင့်မှု ပြုလုပ်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင်ပေးအပ် နိုင်ခြင်း မရှိခဲ့ဘဲ ၂၀၁၃ ခုနှစ် အရောက်မှသာ ပေါင်း၍ ပေးအပ်ခဲ့သည်။

ထို့အတူ ပြီးခဲ့သည့် ၂၀၁၄၊ ၂၀၁၅ ခုနှစ်များတွင်လည်း ဆုပေးပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိရာ ယခုနှစ် ကျင်းပပြုလုပ်မည့် ဆုပေးပွဲတွင် ယင်းနှစ်များ အတွက်ပါ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။