MFF Charity Cup ဘောလုံးပြိုင်ပွဲတွင် ရတနာပုံအသင်းအား မကွေးအသင်း အနိုင်ရ

ဇန်နဝါရီ ၈ ရက်၊ ညနေ ၄းဝဝ က ရန်ကုန်မြို့၊ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် MFF Charity Cup 2017 ဘောလုံး ပြိုင်ပွဲတွင် မကွေးအသင်းက ရတနာပုံအသင်းအား အနိုင်ယူကာ ရာသီအကြို ချာရတီဖလားကို ရယူသွားခဲ့သည်။

MFF Charity Cup 2017 ဘောလုံးပြိုင်ပွဲမစတင်မီတွင် လင်းလင်း၊ အာဇာနည်၊ ဂျီလတ်အစရှိသည့် အနုပညာရှင်များမှ ဖျော်ဖြေမှု များဖြင့် ဖျော်ဖြေခဲ့သည်။ ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ ကစားခဲ့သည့် ချာရတီဖလားဘောလုံးပွဲ ပထမပိုင်းတွင် ဂိုးမရှိ သရေဖြစ် ခဲ့သော် လည်း ဒုတိယပိုင်းအပြီးတွင် မကွေးအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ မကွေးအသင်း အတွက် အနိုင်ဂိုးများကို ပွဲချိန် ၄၇၊ ၆၉ မိနစ်များတွင် ဆီလာကလည်းကောင်း၊ ပွဲချိန် မိနစ် ၉၀ တွင် မောင်မောင်စိုးတို့ကလည်းကောင်း သွင်းယူပေးခဲ့သည်။

MFF Charity Cup 2017 ဘောလုံးပြိုင်ပွဲအပြီးတွင် ရရှိလာသည့် ကွင်းဝင်ကြေးနှင့် အလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်း သိန်း ၉၀ ရရှိခဲ့ပြီး အဆိုပါ အလှူငွေ သိန်း ၉၀ အား ပရဟိတကျောင်း သုံးကျောင်းသို့ ခွဲဝေလှူဒါန်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး တွံတေး မြို့နယ်၊ မင်္ဂလာပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ အလှူငွေ သိန်း ၃၀၊ မန္တလေးတိုင်းဒေသကြီး၊ ထူးမတောင်ကျောင်း၊ YGW လူမျိုးဘာသာမရွေး စွန့်ပစ်ခံ ဘိုးဘွားများ စောင့်ရှောက်မှုအသင်းသို့ အလှူငွေ သိန်း ၃၀ နှင့် မန္တလေးတိုင်း ဒေသကြီး၊ မိဘမဲ့ကလေးများစောင့်ရှောက်မှု ၊ မန္တလေးစက်မှုကျောင်းသို့ အလှူငွေ သိန်း ၃၀ စီ ခွဲဝေလှူဒါန်းခဲ့သည်။