National Team

တာထွက်ကောင်းဖို့ အသင်းတိုင်း ရုန်းကန်ရမယ့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁ ပွဲကြို သုံးသပ်ချက်

ရှမ်းယူနိုက်တက်အသင်းက ၂၀၁၇ ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှု အားကောင်းတဲ့ အသင်းတစ်သင်းပါ။ တိုးအားကောင်း တဲ့ တိုက်စစ်မှူး ခရစ္စတိုဖာ ရှိသလို လက်ရွေးစင်အဆင့်ရှိတဲ့ ပြည်တွင်းကစားသမားကောင်းတွေလဲ ရှိနေပါတယ်။ နေပြည်တော်အသင်း က ဒီနှစ်မှ လိဂ်-၂  ကနေ တန်းပြန်တက်လာတဲ့အသင်းဖြစ်ပြီး ရာသီအစရဲ့ အဖွင့်ပွဲစဉ်ဖြစ်တာကြောင့် ရလဒ်ကောင်း ရအောင် ကစား မှာ သေချာပါပဲ။ ကစားသမားအင်အားပိုင်းအပြင် အိမ်ရှင်အားသာချက်ရှိတဲ့ ရှမ်းယူနိုက်တက်တို့ တာထွက်လှနိုင်မလားဆို တာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Myanmar

MFF – MNL Awards Night ကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့ ကြီးမှူးကျင်းပမည့် အကောင်းဆုံးဆု ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား MFF – MNL Awards Night ကို လာမည့် အောက်တိုဘာ ၂၁ ရက် ညနေ ၆းဝဝ နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

Myanmar

ရာသီကြို ခြေစမ်းတွင် မကွေးအသင်းအား အနိုင်ရခဲ့သည့် စီးတီးရန်ကုန်အသင်း

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်(MNL)ဘောလုံးပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေကြသည့် မကွေး အသင်းနှင့် စီးတီးရန်ကုန်အသင်းတို့သည် ဇန်နဝါရီ ၄ ရက်(ယနေ့) နံနက် ၈းဝဝ နာရီက သုဝဏ္ဏ မြက်ခင်းတုဘောလုံးကွင်းတွင် ခြေစမ်းကစားခဲ့ကြပြီး စီးတီးရန်ကုန်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။

Myanmar

ရတနာပုံကို အနိုင်ယူကာ အဆင့် ၂ ဖြင့် ရာသီသိမ်းနိုင်ရန် နီးစပ်လာသည့် မကွေး

မြန်မာနေရှင်နယ်လိဂ် အသင်းကြီး တစ်သင်းဖြစ်သည့် မကွေးအသင်းသည် ရာသီကုန်ရန် ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့ချိန်တွင် ချန်ပီယံ ရတနာပုံ အသင်းကို အနိုင်ကစားခဲ့ပြီးနောက် ၎င်းတို့၏ မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် အမြင့်ဆုံး ရပ်တည်မှု ဖြစ်သည့် အဆင့် ၂ ဖြင့် ရာသီ သိမ်းနိုင်ရန် နီးစပ်လာခဲ့ပြီ ဖြစ်သည်။

မကွေး အသင်းနှင့် ရတနာပုံ အသင်းတို့သည် ယနေ့ ဇူလိုင် ၆ ရက် ညနေ ၄းဝဝ နာရီက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ခြင်း ဖြစ်ပြီး မကွေးက တိုက်စစ် ကစားသမား သန်းဇော်ဟိန်း ပွဲချိန် မိနစ် ၃၀ တွင် သွင်းယူသည့် တစ်ဂိုးတည်းဖြင့် ရတနာပုံကို အနိုင်ရခဲ့သည်။

Myanmar

ရခိုင်နှင့်ဆောက်သမ်း သရေကျသော်လဲ ရှမ်းယူနိုက်တက်၊ ဇွဲကပင်တို့ နိုင်ပွဲ ကိုယ်စီရ

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်(MNL-I) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁ ပွဲစဉ်အချို့ကို ဇန်နဝါရီ ၁၄ ရက်က ကျင်းပခဲ့ပြီး ရခိုင်ယူနိုက် တက် အသင်းနှင့် ဆောက်သမ်းအသင်းတို့ ဂိုးမရှိ သရေကျခဲ့သော်လည်း ရှမ်းယူနိုက်တက်အသင်းနှင့် ဇွဲကပင်အသင်းတို့သည် နိုင်ပွဲ ကိုယ်စီရရှိခဲ့သည်။

Myanmar

MFF Charity Cup ဘောလုံးပြိုင်ပွဲတွင် ရတနာပုံအသင်းအား မကွေးအသင်း အနိုင်ရ

ဇန်နဝါရီ ၈ ရက်၊ ညနေ ၄းဝဝ က ရန်ကုန်မြို့၊ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် MFF Charity Cup 2017 ဘောလုံး ပြိုင်ပွဲတွင် မကွေးအသင်းက ရတနာပုံအသင်းအား အနိုင်ယူကာ ရာသီအကြို ချာရတီဖလားကို ရယူသွားခဲ့သည်။

Myanmar

National Team

The Myanmar national football team is the national team of Myanmar and is controlled by the Myanmar Football Federation. It was known as the Burma national football team until 1989, when Burma was renamed Myanmar. It finished second in the 1968 Asian Cup. They have participated in the Summer Olympics in 1972 and in the Asian Games. The Burma team was dominant in Asia in the 1960s and 1970s, having won the Asian Games twice; in 1966 and 1970, and the football event of the Southeast Asian Games on five successive occasions; in 1965, 1967, 1969, 1971 and 1973.

Myanmar

ရာသီကြို ခြေစမ်းတွင် မကွေးအသင်းအား အနိုင်ရခဲ့သည့် စီးတီးရန်ကုန်အသင်း

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်(MNL)ဘောလုံးပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်နေကြသည့် မကွေး အသင်းနှင့် စီးတီးရန်ကုန်အသင်းတို့သည် ဇန်နဝါရီ ၄ ရက်(ယနေ့) နံနက် ၈းဝဝ နာရီက သုဝဏ္ဏ မြက်ခင်းတုဘောလုံးကွင်းတွင် ခြေစမ်းကစားခဲ့ကြပြီး စီးတီးရန်ကုန်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ သည်။

Myanmar

San Shield 2016 ဗိုလ်လုပွဲသို့ ရန်ကုန် တက်ရောက်

ယနေ့ သြဂုတ် ၁၀ ရက် ညနေပိုင်းက မန္တလေးမြို့ မန္တလာသီရိ ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် ရတနာပုံ အသင်းနှင့် ရန်ကုန် ယူနိုက်တက် အသင်းတို့၏ General Aung San Shield 2016 ရှုံးထွက် ဘောလုံးပြိုင်ပွဲ၏ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ရန်ကုန် ယူနိုက်တက် အသင်းက ကွင်းလယ်လူ ရန်လင်းအောင် သွင်းယူသည့် နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် ရတနာပုံကို အဝေးကွင်းတွင် အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့သည်။

Myanmar